လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။
TSK
TSK · သုတ္တံကျမ်း။ 28:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင် ၊ ဟေဇကိ မင်းက၊ နန်းတော် ၌ ရှိသမျှ ကို မြင် ရ ကြပြီ။ ဘဏ္ဍာ တော်တွင် ငါမ ပြ သော အရာ တစုံတခုမျှ မ ရှိ ဟု ပြန်ပြော ၏
ဧလံ အမျိုး ၊ ယေဟေလ သား ရှေကနိ ကလည်း၊ ငါ တို့သည် ကိုယ် ဘုရား သခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသောတပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြပြီ။ သို့ရာတွင် ဤ အမှုမှာ ဣသရေလ အမျိုး မြော်လင့် စရာ ရှိ သေး၏။
သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။
¶ အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
ထို သို့သော အပြစ်များ ရှိ သော်လည်း သင်က၊ ငါ၌အပြစ် မရှိသောကြောင့် ၊ ဘုရား သခင်၏ အမျက် တော်သည် ငါ မှ လွှဲသွား လိမ့်မည် ဟု ဆို ပါသည်တကား။ ငါ၌အပြစ် မ ရှိဟုဆို သောကြောင့် ၊ သင့် ကို ငါ စစ်ကြော စီရင်မည်။
ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊
မိမိ တို့အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊
လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။