ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
TSK
TSK · သုတ္တံကျမ်း။ 28:20
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သစ္စာရှိ သော ပြည်သားတို့ သည် ငါ့ ထံ မှာနေ မည်အကြောင်း သူတို့ကို ငါ ကြည့်ရှု မည်။ စုံလင် သောတရား ၌ ကျင်လည် သောသူသည် ငါ ၏ အမှု ကို ဆောင်ရွက်ရမည်။
တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
ဆင်းရဲသား တို့ကို မထီ လေးစားပြုသောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက် တတ်သောသူသည် လည်း အပြစ်ဒဏ် နှင့် မ လွတ်ရ။
အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
ငွေ ရတတ်ခြင်းငှါ အလျင်အမြန် ပြုသော သူ သည် မ နာလိုသောသဘော ရှိတတ်၏။ နောက် တဖန် ဆင်းရဲ ခြင်းသို့ ရောက် မည်ဟု မ အောက်မေ့ တတ်။
¶ တပည့် တော်တို့အားတစ်ဖန် မိန့် တော်မူသည်ကား၊ ငွေရတတ် သောသူ တစ် ယောက်၌ ဘဏ္ဍာစိုး ရှိ ၏။ ထို ဘဏ္ဍာစိုးသည် သခင် ၏ဥစ္စာ များကို ဖျက်ဆီး သည်အကြောင်း ကို သူတစ်ပါးတို့သည် သခင်ရှေ့၌အပြစ်တင် ကြသော်၊
ထိုမှတပါး ၊ ဘဏ္ဍာစိုး မည်သည်ကား၊ သစ္စာရှိ ရမည်။
သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။