TSK

TSK · သုတ္တံကျမ်း။ 29:26

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊

ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။

နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။

အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကရုဏာ နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော် သည် လူအသီး အသီးတို့ အား သူ တို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူ၏။

ရှင်ဘုရင် ၏ အမျက် သည် သေ မင်းတမန် ကဲ့သို့ဖြစ်၏။ သို့သော်လည်း ၊ ပညာရှိ သောသူ သည် အမျက် တော်ကို ဖြေတတ်၏။

များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။

¶ ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။

ငါ ကလည်း၊ အကျိုး မရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီး သက်သက်ငါ့ ခွန်အား ကုန် ရပြီ။ သို့သော်လည်း ၊ ငါ့ အမှု သည် ထာဝရဘုရား ရှေ့တော်၌ရှိ၏။ ငါ ခံရသောအခ လည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။

အကြောင်းမူကား ၊ ကိုယ်စိတ် သည် ကိုယ် ကို အပြစ်မ တင်။ သို့သော်လည်း ၊ ထို အကြောင်းဖြင့် ငါသည် အပြစ် လွတ်သည်မ ဟုတ်။ ငါ့ ကို စီရင် သောသူ ကား ၊ ထာဝရ ဘုရားပေတည်း။