သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
TSK
TSK · သုတ္တံကျမ်း။ 3:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
ဖြောင့်မတ် သောသူတို့အဘို့ ပညာ ရတနာကိုသိုထား တော်မူ၏။ တရား သဖြင့်ကျင့် သောသူတို့ကို ကွယ်ကာ တော်မူ၏။
ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့ ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။
ပညာ ကိုရ သောသူသည် မိမိ အသက် ဝိညာဉ်ကို ချစ် ရာရောက်၏။ ဉာဏ် ကိုစွဲလမ်း သောသူသည်လည်း၊ ကောင်းကျိုး ကို ခံ တတ်၏။
ငါ ၌ မ တည် သောသူ သည် သွေ့ခြောက် သောအခက် ကဲ့သို့ ပြင် သို့ပစ် လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း ၍ မီး ထဲသို့ ချ လိုက်ကြသဖြင့် မီးလောင် ခြင်းသို့ ရောက်ကြ၏။
ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။