အပြည်ပြည်သော မင်း သမီး တို့သည် မောင်းမ မိဿံအဝင် ဖြစ်၍၊ လက်ျာ တော်ဘက် မှာ ဩဖိရ ရွှေ တန်ဆာဆင်သော မြောက် သားတော်နေရာ ဖြစ်ပါ၏။
TSK
TSK · ဗျာဒိတ်ကျမ်း။ 21:2
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
အိုဘုရား သခင်၏ မြို့ တော်၊ သင် သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသောစကားကို ပြော ထားလျက် ရှိ၏။
¶ အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။
ထာဝရဘုရား ကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ ၏ဘုရား သခင်ကြောင့် ငါ့ ဝိညာဉ် သည် ရွှင်လန်း မည်။ အကြောင်း မူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်း သရဖူကို ဆောင်း သကဲ့သို့ ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာ ဆင် သကဲ့သို့ ၎င်း၊ ကယ်တင် ခြင်းအဝတ် တန်ဆာနှင့် ငါ့ ကို ဝတ်ဆင် စေ၍၊ ဖြောင့်မတ် ခြင်းဝတ်လုံ နှင့် ခြုံ တော်မူပြီ။
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။
အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။
အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း
အကြောင်းမူကား ၊ ငါ တို့သည် ဤ ဘဝ၌ အမြဲ တည်သော မြို့ မ ရှိ၊ နောက်ဖြစ် လတံ့သော မြို့ကိုရှာ ကြ၏
ငါယောဟန် သည် အာရှိ ပြည်၌ ရှိသော အသင်းတော် ခုနှစ် ပါးကို ကြား လိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိ တော်မူသော ဘုရားသခင် အထံတော်က ၎င်း၊ ပလ္လင် တော်ရှေ့ ၌ရှိ သော ဝိညာဉ် ခုနှစ် ပါးအထံ က၎င်း၊
အကြင်သူ သည် အောင်မြင် ၏။ ထိုသူ ကို ငါသည်ငါ ၏ဘုရားသခင် ဗိမာန် တော်၌ တိုင် ဖြစ်စေ မည်။ နောင်တဖန် သူသည်ပြင် သို့ မ ရွေ့ ရ။ ငါ ၏ ဘုရားသခင် နာမ တော်ကို၎င်း ၊ ငါ ၏ဘုရားသခင့် အထံတော် မှ ထွက်၍၊ ကောင်းကင် ဘုံမှ ဆင်းသက် သောယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ ၏ဘုရားသခင် မြို့ တော်၏ နာမ ကို၎င်း၊ ငါ ၏နာမ သစ် ကို၎င်း ၊ ထိုသူ အပေါ် ၌ငါသည် အက္ခရာတင် မည်။
ငါတို့သည် ဝမ်းမြောက် ရွှင်လန်း ကြကုန်အံ့၊ ဂုဏ် တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲကိုခံ ချိန်ရှိပြီ။ သူ ၏ မိန်းမ သည်ကိုယ် ကို တန်ဆာ ဆင်ပြီဟု စည်းဝေး သော သူအများ တို့၏ အသံ ၊ သမုဒ္ဒရာ သံ ၊ ပြင်းစွာ သောမိုဃ်းကြိုး သံ ကဲ့သို့ ငါကြား ၏။
အကြင်သူ သည် ဤ စာစောင် ၏ အနာဂတ္တိ စကား အချို့ကို နှုတ်ပယ် ၏။ ဤ စာစောင် ၌ ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။