ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
TSK
TSK · ဇာခရိအနာဂတ္တိကျမ်း 14:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။
ယေရုရှလင် မြို့သို့ ရောက် သောအခါ ယေရှုသည် ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ တို့ကို နှင်ထုတ် ၍ ပွဲစား ခုံ တို့ကို၎င်း၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင်ရာ ကို၎င်း တွန်းလှဲ တော်မူ၍၊
နေ့ရက် ကိုစောင့် သောသူ သည် သခင် ဘုရားကို ထောက်၍ စောင့် ၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စား သောသူ သည်သခင် ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မ စား သော သူ သည်လည်း ၊ သခင် ဘုရားကို ထောက်သောစိတ်နှင့် မ စား ဘဲနေ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။
သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။
ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲ ဖြစ်၏။ သမ္မာတရား ၏တည် ရာလည်း ဖြစ်၏။
ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
သူ ခံရသော ညှဉ်းဆဲ ခြင်းဝေဒနာကို ကြောက် ၍ အဝေး က ရပ် လျက်၊ ဖြစ်ရ လေခြင်း၊ ဖြစ်ရ လေခြင်း။ ဗာဗုလုန် မြို့ ကြီး ၊ မြို့ စွမ်း၊ သင် သည်တစ် နာရီ ခြင်းတွင် အပြစ် စီရင်ခြင်းသို့ ရောက် ပါပြီတကားဟူ၍သူ့ ကြောင့် ငိုကြွေး မြည်တမ်း ကြလိမ့်မည်။
ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။