အာဇမုန် ရွာမှ ပြန် ၍ အဲဂုတ္တု ချောင်း ကို လိုက် လျက် ပင်လယ် ၌ ဆုံး ရမည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:45
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
သင့် ကို ငါလှည့် ၍ သွေးဆောင် မည်။ မြောက် မျက်နှာ မှ ချီ လာ၍ ဣသရေလ တောင် တို့အပေါ်သို့ ရောက် စေမည်။
ထိုနောက်မှတရား စီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုး အာဏာကို နှုတ် ၍ရှင်းရှင်းဖျက်ဆီး ကြလိမ့်မည်။
တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။
တစ်ဖန်တုံ၊ ကောင်းကင် အသံ ကား ၊ ယခု မှစ၍ သခင် ဘုရား၌ သေ သောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟု ပြောဆို သည်ကို ငါကြား ၏။ ဝိညာဉ် တော်ကလည်း၊ ထိုသို့ မှန် ပေ၏။ ထိုသူ တို့သည် ပင်ပန်း ခြင်းငြိမ်း မည်အကြောင်း ရှိ၍၊ သူ တို့၏ အကျင့် တို့သည်လည်း သူ တို့နှင့်အတူ လိုက် ကြ၏ဟုမိန့် တော်မူ၏။
ရှေး မြွေ ဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါး ကို ကိုင်ဖမ်း ၍ ၊ အနှစ် တစ်ထောင် ဘို့ ချည်နှောင် လေ၏။