TSK

TSK · ဓမ္မရာဇဝင်တတိယစောင်။ 21:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

နာမ တော်ကို ပြစ်မှား လျက် ကျိန်ဆဲ လေ၏။ ထိုသူ ၏ အမိ ကား၊ ဒန် အမျိုး ၊ ဒိဗရိ သမီး ရှေလောမိတ် ဖြစ်သတည်း။

ထိုအမိန့် တော်အတိုင်း ပရိသတ် အပေါင်း တို့ သည် ထိုသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ် ကြသဖြင့် သူသည် အသေ ခံရ၏။

ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင် တို့ကို နှုတ်ဆောင် တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ကြံစည် သောကြောင့် ၊ ထိုသူ ကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။

မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။

ထိုသူနှစ် ယောက်တို့ကို မြို့ တံခါးဝ သို့ ထုတ် ဆောင် ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ မိန်းမ သည် မြို့ ထဲမှာ ရှိလျက်ပင် မ အော် မဟစ်သောကြောင့် ၎င်း၊ ယောက်ျား လည်း သူ့ မယား ကို ရှုတ်ချ သောကြောင့် ၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကိုခံ ရမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။

အကယ် စင်စစ်နာဗုတ် အသွေး ၊ သူ့ သား တို့၏ အသွေး ကို မနေ့ က ငါကြည့် မြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤ မြေကွက် ၌ သင့် ကို အပြစ်နှင့် အလျောက်ငါဒဏ်ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်း ကိုချ ပစ်လော့ဟု မိမိရထားမှုးဗိဒကကို ဆို၏

ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။

စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊

မ မှန်သောသက်သေ တို့သည်ပေါ် လာ၍၊ ငါမ သိ သောမှုပြစ် တို့ကို ငါ့ အပေါ်မှာတင် ကြ၏။

မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။

အဓမ္မ သက်သေ သည် တရား ကို မထီမဲ့မြင် ပြုတတ်၏။ မ တရားသောသူသည် လည်း ၊ ဒုစရိုက် ကို စား ၍ မျို တတ်၏။

¶ တဖန်တုံ ၊ နေ အောက် မှာ ပြု သမျှ သော ညှဉ်းဆဲ ခြင်း တို့ကို ငါ ထပ်၍ဆင်ခြင် ၏။ ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့ သည် ငိုကြွေး သော်လည်း ၊ ချမ်းသာ ပေးနိုင်သော သူမ ရှိ။ ညှဉ်းဆဲ တတ်သောသူတို့ သည် တန်ခိုး ရှိသဖြင့် ချမ်းသာ ပေးနိုင်သောသူမ ရှိ။

ပင်ပန်း ခြင်းနှင့် မွတ်သိပ် ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ် သောအခါ လည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိ တို့ ရှင်ဘုရင် နှင့် မိမိ တို့ ဘုရား သခင်ကို ကျိန်ဆဲ ကြလိမ့်မည်။

သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။

ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊