ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 8:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။
ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။
ယောဟန် ၏တပည့် တို့သည်လည်း ကြား သောအခါ လာ ၍ အလောင်း ကို ဆောင်သွား ပြီးလျှင် သင်္ချိုင်း တွင်း၌ ထား ကြ၏။
ထိုကြောင့် နှစ်သိမ့် သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ် ၌ ရှိ သော ယုဒ လူတို့သည် မာရိ အလျင်တဆော ထ ၍ ထွက်သွား သည်ကိုမြင် ကြလျှင်၊ ငိုကြွေး ခြင်းငှာ သင်္ချိုင်း သို့ သွား ပြီဟုဆို၍ သူ့ နောက် သို့လိုက်ကြ၏။
ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။