အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 9:39
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။
ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊
ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။
¶ ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။
ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊
35ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
ခိုး တတ်သောသူ သည်နောက်တဖန်မ ခိုး ဘဲ၊ ဆင်းရဲသောသူ အားပေးကမ်း ဝေငှရန် ရှိ စေခြင်းငှာ ၊ မိမိ လက် နှင့် ကောင်း သောအလုပ် ကို လုပ်ဆောင် အားထုတ် စေ။
ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊
ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။