TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယခု မူကား ၊ ငါ့ အဆွေအမျိုး တို့ထံသို့ ငါ သွား တော့မည်။ နားထောင်ပါ။ နောင် ကာလ ၌ ဤ လူမျိုး သည် မင်းကြီး ၏လူမျိုး ၌ အဘယ်သို့ ပြု မည်အရာကို မင်းကြီး အား ကြားပြော ပါမည်ဟု ဗာလက်မင်းအား ပြန် ဆိုပြီးမှ၊

ဘေးဒဏ် ရန်မာန် အပေါင်း တို့နှင့် တွေ့ကြုံ သောအခါ ၊ ထို သီချင်း သည် သူ တို့တဘက် ၌ သက်သေခံ လိမ့်မည်။ သူ တို့အမျိုးအနွယ် သည် နှုတ် ကျက်မ မေ့လျော့ ရ။ ငါကျိန်ဆို သော ပြည် သို့ ငါဆောင် ၍ မ သွင်းမှီ၊ ယခု ပင် သူ တို့ကြံစည် သော အကြံအစည် ကို ငါသိ ၏ဟု မိန့်တော်မူ၏။

ပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တက် ၍တိုက်လာမည်။ နောင် ကာလ တွင် ငါ ၏ပြည် တဘက် ၌ သင့် ကို ငါဆောင် ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့် အားဖြင့် ငါ သည်ချီးမြှောက် ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ ကိုသိ ရကြမည်အကြောင်း တည်း။

ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။

¶ ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။

ထိုသူက ဒံယေလ ၊ သင်သွား လော့။ ထိုစကား သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ၏။

¶ နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။