TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။

အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။

လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊

ခွက်ကွင်း တီး သော အကြီးအကဲ အာသပ် ၊ သူ့ နောက်စောင်း တယော တီးသော ဇာခရိ ၊ ယေလ ၊ ရှေမိ ၊ ရာမုတ်၊ ယေဟေလ ၊ မတ္တိသိ ၊ ဧလျာဘ ၊ ဗေနာယ ၊ ဩဗဒေဒုံ ၊ ယေလ တစုနှင့်၊

ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။

¶ ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။

မ တရားသောအကြံကို မင်း ၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မ ရာဇ ပလ္လင်သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရပါမည်လော။

တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။

ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။

တယော ထိုး သံနှင့်ပြိုင်လျက် သီချင်း ဆိုခြင်း၊ တီးမှုတ် ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ် မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊

သားရဲ ၏ ရုပ်တု သည် စကား ပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မ ကိုးကွယ် သောသူရှိသမျှ တို့ကို သတ် ခြင်းငှာပြု နိုင်မည်အကြောင်း ၊ ရုပ်တု ၌ အသက် ကို သွင်းပေး ရသော အခွင့်ကိုလည်းရ ၏။