TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွ ၊ ငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ၍ ၊ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါ ၊ အဟာဝ မြစ် နားတွင် ၊ အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။

ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။

¶ ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။

ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။

ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။

အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။

ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊

တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။

သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။

သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ် ဟု မိန့်တော်မူ၏။

ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊

အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။