မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
TSK
TSK · တရားဟောရာကျမ်း 21:18
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
ကြိမ်လုံး ကို မ သုံးသောသူသည် မိမိ သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ၊ ငယ် သောအရွယ်မှစ၍ဆုံးမ တတ်၏။
မြော်လင့် စရာရှိ စဉ်အခါ ၊ ကိုယ် သား ကို ဆုံးမ လော့။ သူ့ ကိုအကျိုး နည်းအောင် သနား သောစိတ်မ ရှိစေနှင့်။
မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
အပြစ် မ ရှိဟုဆို လျက် ၊ မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ ၏ အပေါင်း အဘော်ဖြစ်၏။
အဘ ကိုကျိန်ဆဲ ၍ အမိ ကိုလည်း ကောင်းကြီး မ ပေးတတ်သောလူတမျိုး၊
¶ ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။
သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။
ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
တနည်း ကား၊ ကိုယ် ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမ ခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေ ကြ၏။ ထိုမျှမက ၊ စိတ် ဝိညာဉ်တို့၏ အဘ အလိုသို့လိုက် ၍၊ အသက် ချမ်းသာရကြမည် မဟုတ်လော