ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
TSK
TSK · ထွက်မြောက်ရာကျမ်း။ 13:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။
ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
ဤ ပြည် ၌ နေ သောသူတို့အား သိတင်းပြော ကြ လိမ့်မည်။ ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူမျိုး ၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား ၊ ကိုယ်တော် သည် ထင်ရှား တော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ် တော်သည် သူ တို့ကို လွှမ်းမိုး ကြောင်းကို၎င်း၊ ကိုယ်တော် သည် နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ဖြင့် သူ တို့ ရှေ့က ကြွ တော်မူကြောင်းကို၎င်းကြား ရကြပြီ။
ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
နေ့ အချိန်၌ကား၊ မိုဃ်းတိမ် ဖြင့် ၎င်း ၊ ညဉ့်အချိန်၌ကားတညဉ့်လုံး မီး အလင်း ဖြင့် ၎င်း သူ တို့ကို လမ်းပြ တော်မူ၏။
သူတို့အပေါ်မှာ မိုဃ်းတိမ် ကိုဖြန့် မိုး ၍ ၊ ညဉ့် အခါ လင်း စရာဘို့ မီး ကိုပေးတော်မူ၏။
¶ ညီအစ်ကို တို့၊ ငါ တို့ဘိုးဘေး အပေါင်း တို့သည် မိုဃ်းတိမ် အောက် မှာရှိ ၍ ၊ ပင်လယ် အလယ် ၌ ရှောက်သွား ကြသည်ဟူ၍၎င်း၊