TSK

TSK · ထွက်မြောက်ရာကျမ်း။ 21:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊

သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ အမှု တော်ကို စောင့် သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နား မ ထောင်ဘဲ ရဲရင့် စွာပြု သော သူ ကို အသေ သတ်သဖြင့် ဣသရေလ အမျိုးမှ ဒုစရိုက် ကို ပယ် ရမည်။

တနည်းကား၊ မိမိ အဘော် ကို ရန်ငြိုး ဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊

အိမ်နီးချင်း ကို မ ထင်မရှား ရိုက် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။

¶ ယွာဘ မူကား ၊ အဗရှလုံ နောက် သို့မ လိုက်သော်လည်း ၊ အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ၊ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။

ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန်တော် ထဲမှာမ သေ စေနှင့်၊ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကို ထား နှင့် သတ် ကြဟု လူတရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊”

လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။

မတရား သောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူး သော တပ်မက် ခြင်းကိလေသာနှင့်တကွ ၊ ကာမဂုဏ် အလိုသို့လိုက်၍ ၊ အာဏာစက် ကို မထီမဲ့မြင် ပြုသော သူ တို့ကို အထူးသဖြင့် ဒဏ် ခံစေမည် အကြောင်း၊ တရား ဆုံးဖြတ်သောနေ့ အဘို့ ချုပ် ထား ခြင်းငှာ၎င်း ၊ ထာဝရ ဘုရားသည် တတ်နိုင် တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ ဝံ့ကြ ၏။