TSK

TSK · ထွက်မြောက်ရာကျမ်း။ 22:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ ဘက်၌ တရားစီရင် ၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက် သဖြင့်၊ အဝတ် အစား တို့ကိုပေး သနားသော ဘုရားဖြစ်တော်မူ၏။

သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။

တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။

ထာဝရဘုရား သည် ဧည့်သည် တို့ကို စောင့်မ တော်မူ၍ ၊ မုတ်ဆိုးမ နှင့်မိဘ မရှိသောသူတို့ ကို ထောက်မတော်မူ၏။ မ တရားသောသူတို့၏ လမ်း ကိုကား ၊ ကွေ့ကောက် စေတော်မူ၏။

ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် ၌ မ သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊

မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း ၊