TSK

TSK · ထွက်မြောက်ရာကျမ်း။ 29:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။

တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။

မိမိ၌ ကြွင်း သေးသော ဆီ ကို ထိုလူခေါင်း အပေါ် မှာ လောင်း ၍၊ သူ့ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။

ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။

သမ္မာတရား အားဖြင့် သူ တို့ကို သန့်ရှင်း စေမည်အကြောင်း ၊ အကျွန်ုပ် သည် သူ တို့အဘို့ အလိုငှာ ကိုယ် ကိုသန့်ရှင်း စေပါ၏။

ထိုမျှမက၊ ဘုရားသခင် ၏ သား တော်ကို ခြေဖြင့်ကျော်နင်း လျက်၊ မိမိကိုစင်ကြယ် စေသော ပဋိညာဉ် တရား၏ သွေး ကိုအပြစ်တင်လျက်၊ ဆု ကျေးဇူးကိုပေးသော ဝိညာဉ် တော်ကို မထီမဲ့မြင် ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ် ဖြင့် ခံထိုက် သည်ကို သင်တို့ ထင် ကြသနည်း