TSK

TSK · ထွက်မြောက်ရာကျမ်း။ 35:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။

ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့် ၊ လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။

ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။

အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။

နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ၊ ထ ပါ၊ အဘိနောင် သား ၊ သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။

ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။

ကျောက်မြတ် ရှိ သောသူတို့ သည်လည်း ဂေရရှုံ အမျိုးသားယေဟေလ လက် ဖြင့် ထာဝရဘုရား ၏ အိမ် တော်ဘဏ္ဍာ ထဲသို့ သွင်း ကြ၏။

သို့ရာတွင် ကြည်ညို သောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင် အောင် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့သည် အဘယ်သို့ သောသူဖြစ်ပါသနည်း။ ခပ်သိမ်း သောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ဥစ္စာထဲက သာ ကိုယ်တော် အား ပူဇော် ပါ၏။

ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။

ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။

နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။

အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။

လူ တိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြော သောစိတ်နှင့် မ လှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား ၊ စေတနာ စိတ်နှင့်လှူသော သူ ကိုသာ ဘုရားသခင် နှစ်သက် တော်မူ၏။