ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
TSK
TSK · ကမ္ဘာဦးကျမ်း 18:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
¶ ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။
သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့ တက် လာပြီဟု မိန့် တော်မူ၏။
ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။
အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
သခင် ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင် တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင် ၏ တံပိုး တော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော် ၌ သေ လွန်သောသူ တို့သည် အဦး ထမြောက် ကြလိမ့်မည်။