TSK

TSK · ကမ္ဘာဦးကျမ်း 6:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။

ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။

များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။

¶ အိုဣသရေလ အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား သည် ပြည်သူ ပြည်သားတို့နှင့် တရား တွေ့မှုရှိတော်မူ၏။ အကြောင်း မူကား၊ သူတို့သည် သစ္စာ မ ရှိ၊ ကရုဏာ မ ရှိ၊ ဘုရား သခင်ကို မ သိ ကြ။

နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏

ဖြစ်ဘူးသောလောက ဓါတ်ကို ထိုသို့ အားဖြင့် ရေ နှင့် လွှမ်း မြှုပ်၍ ဖျက်ဆီး ကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။