TSK

TSK · ရှင်ယာကုပ်ဩဝါဒစာ။ 5:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။

ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။

အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

ကျေးဇူး တော်ကို ချီးမွမ်းလျက် ရှေ့ တော်သို့ ဝင် ၍၊ ဆာလံသီချင်း ဆိုလျက် ကျူးဧ သောအသံကို ပြုကြကုန် အံ့။

သေခြင်း ကြိုး တို့သည် ငါ့ ကိုဝိုင်း ၍ မရဏာ နိုင်ငံဘေး တို့သည် ငါ့ ကို ဘမ်းမိ သဖြင့်၊ ဆင်းရဲ ဒုက္ခဝေဒနာ နှင့် ငါတွေ့ကြုံ ရ၏။

¶ ငါ သည် ထာဝရဘုရား ထံသို့ အသံ ကိုလွှင့်၍ အော်ဟစ် ၏။ ငါ့ အသံ ကို ထာဝရဘုရား ထံသို့ လွှင့်၍ ဆုတောင်း ပဋ္ဌနာပြု၏။

စပျစ်ရည် ကိုသောက် ၍ ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။

ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။

လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။

ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။

ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။

ငါခံရသောဗျာဒိတ် တော် အလွန် ထူးမြတ်၍ ငါသည်ထောင်လွှား သောစိတ်မ ရှိစေခြင်းငှာ ၊ ငါ့ ကို ဒဏ်ခတ် သော စာတန် ၏တမန် တည်းဟူသောငါ့ ကိုယ် ၌ စူးသော ဆူးကို ပေး တော်မူ၏။

ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။

ကိုယ်တော်သည် အသေ သတ်ခြင်းကို ခံတော်မူသောအားဖြင့် ၊ အသီးအသီး ဘာသာ စကားကို ပြောသော လူ အမျိုး အနွယ် ခပ်သိမ်းတို့အထဲ မှအကျွန်ုပ် တို့ကိုယူ၍၊ အသွေး တော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။

သမုဒ္ဒရာရေ သံ ၊ ကြီးစွာ သော မိုဃ်းကြိုး သံ ကဲ့သို့ ကောင်းကင် က အသံ ကို ငါကြား ၏။ ထိုသို့ ငါကြား သော အသံသည် စောင်း သမားများ စောင်း တီးသော အသံ ကဲ့သို့ ဖြစ်၏။