သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
TSK
TSK · ယောဘဝတ္ထု။ 21:19
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကျွန်ုပ် တို့၏ဘုရားရှင် တန်ခိုး တော်သည်ကြီး ပါစေသော။
ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။
သူ ၏သား တို့သည် ဘသားဆိုး ၊ မယား လည်း မုတ်ဆိုးမ ဖြစ် ပါစေ။
သို့သော်လည်း၊ ထိုသူ သည် ငါ တို့အနာ ရောဂါဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရား သခင်ဆုံးမ ၍ နှိမ့်ချတော်မူခြင်း ကို၎င်းခံရသောသူဖြစ်သည်ဟု ငါ တို့သည် ထင်မှတ် ကြပြီ။
အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။
သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။
သံချေး ၊ ပိုးရွ ဖျက်ဆီး ၍ သူခိုး ထွင်းဖောက် ခိုးယူ ရာမြေကြီး ပေါ်မှာ ဘဏ္ဍာ ကို မ ဆည်းဖူး ကြနှင့်။
ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက် တို့ကိုသတ် သောသူ တို့၏ အမျိုးအနွယ် ဖြစ် သည်ကို ကိုယ် အဘို့ ကိုယ်သက်သေခံ ကြ၏။
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
သူ ၏အပြစ် တို့သည် ကောင်းကင် ဘုံတိုင်အောင် မှီ ကြသည်ဖြစ်၍ ၊ သူ ၏မတရား သောအမှုတို့ကို ဘုရားသခင် သတိရ တော်မူပြီ။