TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။

အမဲသား ကိုရ၍၊ ငါ့ ထံ သို့ဆောင် ခဲ့ပြီးသောသူ သည် အဘယ် မှာရှိသနည်း။ သင်မ ရောက် မှီ ငါသည် အကုန်အစင် စား ပြီး၍ ၊ သူ့ ကို ကောင်းကြီး ပေးမိပြီ။ သူ သည် ကောင်းကြီး မင်္ဂလာကို ဧကန် အမှန်ခံရလိမ့်မည်ဟု ဆို လေ၏။

အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။

¶ ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။

¶ ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊

¶ ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။

အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။

နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။

မ ဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင် ၏နှုတ်ကပတ် တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကို များကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရား ကို နားထောင် လျက်၊ ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီးသည်နှင့်အညီ၊ စင်ကြယ် သော စိတ် နှင့်အချင်းချင်း အားကြီး သောချစ် ခြင်းမေတ္တာရှိကြလော့။

ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။

ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။

ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။