သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 13:34
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ ဤ ပညတ်တို့ကို ငါပေး ၏။
ညီအစ်ကို ချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့တစ်ယောက် ကိုတစ်ယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတစ်ပါး ကို ကိုယ်ထက်ချီးမြှောက် ကြလော့။
မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။
ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။
ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
သမ္မာ တရား တည်းဟူသောဧဝံဂေလိ တရားကို သင်တို့သည်အထက်က ကြားသိ ကြသည်အတိုင်း၊ သင်တို့ အဘို့ကောင်းကင် ဘုံ၌ သိုထား သော မြော်လင့် ရာကို ထောက် သဖြင့်၎င်း၊ သင် တို့အဘို့ အစဉ်မပြတ် ဆုတောင်း ၍၊
ထိုသခင် သည် မိမိ သန့်ရှင်း သူ အပေါင်း တို့နှင့်အတူ ကြွလာ တော်မူသောအခါ ။
ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းသည် အလွန် တိုးပွား၍ ၊ လူ တိုင်း အသီးသီး တို့သည် အချင်းချင်း ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ ကြသည်ဖြစ်၍ငါတို့သည် ပြု သင့်သည်အတိုင်း သင် တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။
ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။
အချုပ်အခြာ စကားဟူမူကား၊ သင်တို့အပေါင်း သည် စိတ် တစ်ညီတစ်ညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက် ခြင်း၊ စိတ် နှိမ့်ချခြင်းရှိကြလော့။
ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။
ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။
ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။
ယခု တွင် ပညတ် တော်သစ် ကို မ ရေး ဘဲလျက် ၊ ငါတို့၌ရှေ့ဦးစွာ ကပင် ရှိ သော ပညတ်တော် ကို ရေးထား ၍၊ သခင်မ ၊ အချင်းချင်း ချစ် ခြင်းမေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန် ၏။