TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အာဗြံ သည် ထိုပြည် ကို ရှောင်သွား ၍ ရှိခင် အရပ် ၊ မောရေ သပိတ် ပင်သို့ ရောက်လေ၏။ ထိုအခါ ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။

သင် တို့သည်သွား ၍ ဝင်စား လတံ့သောပြည် သို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ဆောင် သွင်း တော်မူပြီးမှ ၊ ကောင်းကြီး မင်္ဂလာကို ဂေရဇိမ် တောင် ပေါ် ၌၎င်း၊ ကျိန် ခြင်းကို ဧဗလ တောင် ပေါ် ၌၎င်း တင် ထားရကြမည်။

သင် တို့သည် ယော်ဒန် မြစ်ကို ကူး သောနောက် ၊ လူ များတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ ဂေရဇိမ် တောင် ပေါ် မှာ ရပ် ရသောသူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန် တည်း။

ရှေခင် မြို့သား အပေါင်း တို့နှင့် မိလ္လော အဆွေအမျိုးအပေါင်း တို့သည် ရှေခင် မြို့တွင် ရှိသောအထိမ်းအမှတ် သပိတ် ပင်အနား မှာ စည်းဝေး ၍ အဘိမလက် ကို ရှင်ဘုရင် အရာ၌ ခန့် ထားကြ၏။

ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊”

¶ သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊

ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။

ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။

ထာဝရဘုရား သည် ဇိအုန် မြို့ကို ရွေးကောက် ၍ ၊ အမြဲနေ တော်မူရာဘို့ အလို တော်ရှိသည်အရာမှာ၊