ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။
ထာဝရဘုရား အပြစ် တင် တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စား တတ်သောစိတ် သဘောနှင့် ကင်းစင် သောသူ သည် မင်္ဂလာ ရှိ၏။
ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။
တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။
ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
¶ အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊
သို့ပြုလျှင် သင် ၏အလင်း သည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင် အမြန်ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင် ၏ဖြောင့်မတ် ခြင်း ပါရမီ သည် သင့် ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော် သည် နောက်၌ လုံခြုံ စေလိမ့်မည်။
ထို မျှ လောက်အပြစ်ရှိသော်လည်း ၊ သစ္စာ ပျက် သော ညီမ ယုဒ သည် ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် ၍ မ လာ။ ပြန်လာဟန်ဆောင် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။
-
အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။
အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။
ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။
ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။
ချစ်သူ တို့၊ သင် တို့သည် မိမိ တို့အလွန် သန့်ရှင်းသော ယုံကြည် ခြင်းအပေါ်မှာမိမိ တို့ကို တည်ဆောက် လျက်၊ သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊