ထာဝရဘုရား သည်လည်း ၊ မီး ထဲက သင် တို့အား မိန့် မြွက်တော်မူ၏။ သင် တို့သည် သဏ္ဍာန် တော်ကို မ မြင် ရဘဲ၊ စကား တော်အသံ ကိုသာ ကြား ရကြ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:37
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။
မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
¶ ယေရှု က၊ ဖိလိပ္ပု ၊ ဤမျှကာလ ပတ်လုံး ငါသည်သင် တို့နှင့်အတူ ရှိ ပြီးမှ သင်သည် ငါ့ ကို မ သိ သေး သလော။ ငါ့ ကိုမြင် သောသူ သည်ခမည်းတော် ကိုမြင် ၏။ သို့ဖြစ်လျှင်၊ ခမည်းတော် ကို အကျွန်ုပ် တို့အား ပြ တော်မူပါဟု သင် သည်အဘယ်သို့ ဆို သနည်း။
လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။
¶ ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။
တစ်စုံတစ်ယောက် သောသူက၊ ငါသည် ဘုရားသခင် ကိုချစ် ၏ဟု ဆို လျက်ပင် မိမိ ညီအစ်ကို ကိုမုန်း လျှင် ၊ ထိုသူသည် မုသာ ကိုသုံးသောသူဖြစ် ၏။ မိမိမြင် ရသော မိမိ ညီအစ်ကို ကိုမ ချစ် လျှင်၊ မ မြင် သေးသောဘုရားသခင် ကို အဘယ်သို့ ချစ် နိုင် မည်နည်း။