TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:37

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။

ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။

ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။

ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။

ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌ ကြွေးကြော် လေသည်ကား၊

တဖန် ထိုအသံ က၊ ဟစ်ကြော် လော့ဟု ဆို လျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော် ရမည်နည်းဟုမေး သော်၊ လူမျိုး ရှိသမျှ သည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်း ရှိသမျှ သည်လည်း တော အပွင့် ကဲ့သို့ ဖြစ်၏။

အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။

နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။

အော်ဟစ် ရမည်အရာဟူမူကား၊ ထာဝရဘုရား က၊ လယ် မ လုပ် သော တော အရပ်၌ သင် သည် ငါ့ နောက် သို့လိုက် သောအခါ၊ အသက် အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြား ပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်း မေတ္တာကို၎င်း ငါအောက်မေ့ ၏။

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။

ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့ကို ကွယ်ကာ တော်မူသဖြင့် ၊ သူတို့သည် ကိုက်စား ၍ လက် လွှဲကျောက် တို့ကို ကျော်နင်း ကြလိမ့်မည်။ သောက် ပြီးလျှင် ၊ စပျစ်ရည် နှင့် ဝသကဲ့သို့ ကြွေးကြော် ကြလိမ့်မည်။ အင်တုံ ကဲ့သို့ ၎င်း ၊ ယဇ် ပလ္လင်ထောင့် ကဲ့သို့ ၎င်း ပြည့်ဝ ကြ လိမ့်မည်။

ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။

ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊

ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။

¶ ယေရှု ကလည်း၊ သင်တို့သည်ငါ့ ကိုသိ ကြ၏။ ငါအဘယ် ကဖြစ် သည်ကိုလည်း သိ ကြ၏။ သို့သော်လည်း ငါသည် ကိုယ် အလိုအလျောက်လာ သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ သည်သစ္စာ နှင့်ပြည့်စုံ တော်မူ၏။ ထိုသူ ကို သင် တို့မ သိ ကြ။

ထိုနည်းတူ ၊ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား ငါ ၏အသွေး ၌ တည်သောပဋိညာဉ် တရား သစ် ဖြစ် ၏။ ဤခွက်ကို သောက် သောအခါ ၊ ငါ့ ကို အောက်မေ့ ဘို့ရာ သောက် ကြလော့ဟု မိန့် တော်မူ၏။

လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။

¶ တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။