TSK

TSK · ယေရမိမြည်တမ်းစကား။ 2:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။

ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။

မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။

အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။

အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၍ ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။

ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် ၍ သေ ကြလိမ့်မည်။

ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း ၊ သူ တို့သားသမီး များကို မွတ်သိပ် ခြင်းသို့ ၎င်း အပ် တော်မူပါ။ သူ တို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမ ဖြစ် ကြပါစေသော။ လူ ကြီးတို့သည် အသေသတ် ခြင်းကို ခံရ ၍၊ လူပျို တို့ လည်း စစ်တိုက် ပွဲ၌ ထား ဖြင့် ဆုံး ကြပါစေသော။

သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။

ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။

ထာဝရဘုရား သည် ကြံစည် သောအမှု ကို ပြု တော်မူပြီ။ ရှေး ကာလ ၌ မိန့် တော်မူသောစကား တော်ကို ပြည့်စုံ စေတော်မူပြီ။ မ နှမြော ဘဲဖြိုဖျက် တော်မူပြီ။ ရန်သူ သည် သင် ၏အပေါ် မှာဝမ်းမြောက် ရသောအခွင့်ကိုပေး ၍ ၊ ရန်သူ ၏ဦးချို ကို ချီးမြှင့် တော်မူပြီ။

ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။

နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။

အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။

အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။