TSK

TSK · ယေရမိမြည်တမ်းစကား။ 5:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ဤ လူ တို့ စိတ် သဘောကို ပြောင်းလဲ စေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိ စေခြင်းငှါ အကျွန်ုပ် စကားကိုနားထောင် တော်မူပါ။ နားထောင် တော်မူပါဟု ဆုတောင်း လေ၏။

ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

အကျွန်ုပ် တို့ကို ကယ်တင် တော်မူသော ဘုရား ၊ တဖန် အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ ထွက်ဘူးသော အမျက် တော်ကို ငြိမ်းစေ တော်မူပါ။

အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။

ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ ဆိတ်ညံ ပြီဟု သင် တို့ဆို တတ်သော ဤ အရပ် ၌ ၎င်း ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ နေ သောသူမ ရှိ၊ ဆိတ်ညံသောယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ၎င်း ၊

ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။