TSK

TSK · ရှင်မဿဲခရစ်ဝင်။ 13:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။

ပုံ စကားကို ငါ မြွက် ဆို၍၊ ရှေး ကာလ၏ နက်နဲ သော အရာများကို ဘော်ပြ ပေအံ့။

ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။

ထို သူအပေါင်း တို့သည် သူ တဘက် ၌ ပုံ စကားနှင့် ကဲ့ရဲ့ သော နိမိတ် စကားကို သုံးဆောင် လျက် ၊ ကိုယ် မ ပိုင် သော ဥစ္စာကို ဆည်းဖူး သောသူသည် အ မင်္ဂလာရှိ၏။ အဘယ် မျှကာလ ပတ်လုံးကိုယ် အပေါ် မှာ ကြွေး များကို တင် စေပါလိမ့်မည်နည်းဟု မြွက်ဆို ကြမည်မဟုတ်လော။

¶ ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊

¶ တစ်ဖန် ယေရှု သည် ဥပမာ ကိုဆောင်၍ ပရိသတ် တို့အား မိန့်မြွက် တော်မူသည်ကား၊

ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။”

သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”

¶ ထိုအခါ ဥပမာ အားဖြင့် မိန့် တော်မူသည်ကား၊ လူ တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သောသူတို့ အား ဥယျာဉ် ကိုငှား ၍ ၊ အခြားသောပြည်သို့သွား လေ၏။”

မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။

¶ ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊

ဤ အရာတို့ကို ပုံ ဥပမာအားဖြင့် ငါဟောပြော ၏။ ပုံ ဥပမာအားဖြင့် မ ဟော မပြောဘဲ၊ ခမည်းတော် နှင့် စပ်ဆိုင် သောအရာတို့ကို သင်တို့အားအတည့်အလင်း ဖော်ပြ သောအချိန် ကာလ ရောက် လိမ့်မည်။