TSK

TSK · တောလည်ရာကျမ်း 27:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။

သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။

ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။

ထာဝရဘုရား ကလည်း ၊ သင် သည် သေ ရသော အချိန် နီး ပြီ။ ယောရှု ကို ခေါ် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် လော့။ သူ့ ကိုငါမှာထား မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ နှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် ကြ၏။

သင့် အစ်ကို အာရုန် သည် ဟောရ တောင် ပေါ် မှာ သေ ၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်သကဲ့သို့ ၊ သင် သည်လည်း တက် သွားသော ဤတောင် ပေါ် မှာ သေ ၍ ၊ သင် ၏လူမျိုး စည်းဝေး ရာသို့ ရောက်လော့။