ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
TSK
TSK · သုတ္တံကျမ်း။ 22:29
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
¶ ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ၊ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။
လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား ၊ အခွန် ပေး ရ၏။
မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။
အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
အားထုတ် ခြင်းအရာမှာ ပျင်းရိ ခြင်းမ ရှိဘဲလျက်၊ စိတ် တန်း သဖြင့် သခင်ဘုရား ၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။