TSK

TSK · ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 4:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။

ယေရှု က၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ဘုရားသခင် ထာဝရ ဘုရားသည် တစ်ဆူတည်း သောထာဝရ ဘုရားဖြစ် တော်မူ၏။ ထာဝရဘုရား သည် တစ်ပါးတည်းဖြစ်တော်မူ၏။”

သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။

မေတ္တာ စိတ်သည် လျှို့ဝှက် ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ် သောအမှုကို စက်ဆုပ် ရွံ့ရှာကြလော့။ ကောင်းမွန် သောအမှု၌ မှီဝဲ ဆည်းကပ်ကြလော့။

ယေရှု ခရစ်တော် ၌ အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။

ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။

ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။

ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။