TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 16:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။

ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။

အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။

ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။

အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။

အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။

ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊

ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။

¶ ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ၊

အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။