TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊

ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။

ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။

အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။

ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။

လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။

နောက် တဖန် ဂါသ မြို့မှ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက် တစ်ဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တစ်ဘက်၌ ခြေ ခြောက် ချောင်းစီ၊ ပေါင်း နှစ် ဆယ်လေး ချောင်းရှိသောရေဖိမ် အမျိုးသား တယောက်သည်၊