TSK

TSK · တမန်တော်ဝတ္ထု။ 2:46

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။

သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။

အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်း ကို အကျွန်ုပ် အား ပြညွှန် တော်မူပါ။ ကိုယ်တော် ၏ သမ္မာတရား လမ်းသို့ လိုက်သွား ပါမည်။ နာမ တော်ကို ကြောက်ရွံ့ မည်အကြောင်း ၊ အကျွန်ုပ် ၏နှလုံး ကို စေ့စပ် စေတော်မူပါ။

မျက်စိ ကားကိုယ် ၏ဆီမီး ဖြစ် ၏။ ထိုကြောင့် မျက်စိ ကြည်လင် လျှင် တစ်ကိုယ်လုံး လင်း လိမ့်မည် ။

စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊

ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။

¶ ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊

ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။

ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။

ကျေးဇူး တော်အားဖြင့်ငါ သုံးဆောင်ရလျှင် ၊ ကျေးဇူး တော်ကို ချီးမွမ်း၍ သုံးဆောင် သည်တွင် အဘယ်ကြောင့် ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊

ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။

အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။