TSK

TSK · တမန်တော်ဝတ္ထု။ 7:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထာဝရဘုရား သည်လည်း အာဗြံ ကို ခေါ် တော်မူ၍၊ သင် ၏ပြည် နှင့်တကွ အမျိုးသား ချင်းပေါက်ဘော် များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွားလော့။

တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊

ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။

အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။

ထာဝရ ဘုရား၏ အသံ တော်သည် သမုဒ္ဒရာ ပေါ် မှာ ရှိတော်မူ၏။ ဘုန်းကြီး တော်မူသောဘုရား သခင် သည် မိုဃ်းချုန်း တော်မူ၏။ ထာဝရဘုရား သည် များစွာ သောရေ ပေါ် မှာ ရှိတော်မူ၏။

သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။

ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။

ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။

ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။

ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။

ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏

ထိုသူတို့ကလည်း၊ အသေ သတ်ခြင်းကိုခံ ခဲ့ပြီးသော သိုးသူငယ် သည်၊ တန်ခိုး ၊ စည်းစိမ် ၊ ပညာ ၊ အစွမ်း သတ္တိ၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက် တော်မူ၏ဟု ကြီး သောအသံ နှင့် ပြောဆို ကြ၏။