TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊

ဂိဒေါင် က၊ အိုသခင် ၊ ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့်အတူ ရှိ တော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤ အမှုကြီး ရောက် ရပါသနည်း။ ထာဝရဘုရား သည် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်တော်မူသည် မဟုတ် လောဟု အကျွန်ုပ် တို့အဘ များ ပြော သည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ် သော အမှုရှိသမျှ တို့သည် အဘယ်မှာ ရှိပါသနည်း။ ယခု မှာ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို စွန့် ၍ မိဒျန် လူတို့လက် သို့ အပ် တော်မူပြီတကားဟု ဆို လေသော်၊

ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊

ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။

သူ တို့၏ခေါင်း များအထက် ၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ လည်း နီလာ ကျောက် ကဲ့သို့ အဆင်း အရောင်ရှိသောရာဇ ပလ္လင်သဏ္ဌာန် ပေါ်၏။ ပလ္လင် သဏ္ဍာန် အပေါ် ၌လည်း လူ ပုံသဏ္ဍာန် ကဲ့သို့ ပေါ် ၏။

ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။

ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။

ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။

ဆုတောင်း သော အမှုမပြီးမှီ မြွက်ဆို စဉ် တွင်၊ ယခင် ဗျာဒိတ် ရူပါရုံ၌ ထင်ရှား သော သူ၊ ဂါဗေလ သည် လျင်မြန်စွာ ပျံ ၍လာ သဖြင့်၊ ညဦးယံ ပူဇော် ချိန် ၌ ရှိရာသို့ ရောက်၍၊

ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။

ထိုစကားကို ငါ ကြား ၍ နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊

အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။

မိမိ အသရေကိုစွန့် ၍ အစေခံ ကျွန်၏သဏ္ဌာန် ကို ယူဆောင် လျက်၊ လူ ကဲ့သို့သော အဖြစ်၌ ဘွားမြင် ခြင်းကို ခံတော်မူ၏။