TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 12:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။

ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။

သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။

ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။

ငါကြည့်ရှု စဉ်တွင် အသက်ကြီး သောသူသည်ရောက်လာ လျှင်၊ အမြင့်ဆုံး သောဘုရား၏သန့်ရှင်း သောသူတို့အား စီရင် ရသောအခွင့်ကိုပေး ၍၊

ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။

အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။

နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။

သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။

ထိုအခါ ငါမြင် ၍ မြေ နှင့် ပင်လယ် ပေါ်မှာ ရပ် နေသော ကောင်းကင်တမန် သည်၊ လက်ျာ လက် ကို ကောင်းကင် သို့ ချီ ပြီးလျှင်၊

သူ တို့သည် သက်သေခံ ပြီး သောအခါ ၊ အနက်ဆုံး သောတွင်းထဲက တက် သော သားရဲ သည်သူ တို့ကို စစ်တိုက် ၍ အောင် လိမ့်မည်။ အသက်ကိုသတ် ပြီးမှ ၊

မိန်းမ သည် ထို မြွေ နှင့်လွတ်၍၊ တစ်ကာလ ၊ နှစ်ကာလ ၊ ကာလ တစ်ဝက် ပတ်လုံးကျွေးမွေး ခြင်းကို ခံရာ အရပ် တည်းဟူသောတော အရပ် သို့ ပျံ နိုင်မည့် အကြောင်း၊ ရွှေလင်းတ ကြီး ၏ အတောင် နှစ် ဘက်ကို ရ လေ၏။