TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။

ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။

အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။

သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။

ကရုဏာ တရားနှင့် သစ္စာ တရားအားဖြင့် အပြစ် ပြေ တတ်၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက် ကို ရှောင် တတ်၏။

ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။

သင် သည် ကိုယ် ပြုသောအဓမ္မ အမှုကို ကိုးစား ပြီ။ ငါ့ ကို အဘယ်သူမျှမ မြင် ဟု ဆို ပြီ။ သင့် ဉာဏ် နှင့် သင့် ပညာ အတတ်သည်၊ သင် ၏စိတ် ကို မှောက်လှန် သည် ဖြစ်၍၊ သင်က ငါ ရှိ၏၊ ငါ မှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ ပြီ။

ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။

အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊

ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။

အဲဂုတ္တု ပြည် သည် လူဆိတ်ညံ လျက်၊ ပျက်စီး လျက်ရှိ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ သင်က၊ ငါ့မြစ် ကိုငါ ပိုင်၏။ ငါ ဖန်ဆင်း ပြီ ဟု ဆို မိသောကြောင့် ၊

အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ် အစွမ်း သတ္တိအားဖြင့် အာဏာ ကို သိမ်းယူ ပြီမ ဟုတ်လော ဟု ဆို တတ်ကြသည်တကား။

ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။

ထို မြို့ က၊ ငါ ရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ ဟု ဆို လျက်၊ သောက နှင့် ကင်းလွတ်၍ ဝမ်းမြောက် လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲ အိပ် ရာအရပ်ဖြစ် ပါသည်တကား။ ရှောက် သွားသော သူအပေါင်း တို့သည် ကဲ့ရဲ့ သံ ကို ပြု၍ လက် ဖျားခါ ကြလိမ့်မည်။

သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။

ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။

လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။

ယေရှု ခရစ်တော် ၌ အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။

ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊

ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။