TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:35

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။

သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။

ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။

ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။

ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊

ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။

ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။

ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။

ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။

ညဉ့် အခါ အကျွန်ုပ် သည် စိတ် နှလုံးနှင့် ကိုယ်တော် ကို တောင့်တ ပါ၏။ နံနက်အခါ အကျွန်ုပ် သည် အတွင်း ဝိညာဉ် အားဖြင့်ကိုယ်တော် ကိုရှာ ပါ၏။ မြေ ပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သား တို့သည် တရား ကိုသင် ကြ၏။

မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊

အကြင်သူသည် မိမိကို ဖန်ဆင်း သော သူနှင့် ဆန့်ကျင် ဘက်ပြု၏၊ ထိုသူ သည် အမင်္ဂလာ ရှိ၏။ မြေ အိုးခြမ်း တို့တွင် အိုးခြမ်း ပါတကား။ အိုးမြေ က၊ သင်သည် အဘယ်သို့ သော အရာကို လုပ် သနည်းဟု အိုးထိန်း သမားကို ဆို ရမည်လော။ ငါ့ကို လုပ်သောသူ ၌ လက် မ ရှိ ဟု သင် လုပ် သော အရာကဆိုရမည်လော။

¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။

သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။

ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။

အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊