TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင်္ဘော တို့သည်လည်း ခိတ္တိမ် ပြည် မှ လာ၍ အာရှုရိ ပြည်ကို၎င်း ၊ ဟေဗာ ပြည်ကို၎င်းနှောင့်ရှက် ကြ လိမ့်မည်။ သူ တို့သည်လည်း ရှင်းရှင်းပျက်စီး ကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊

ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊

ထိုချို တို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ် ၌ ချို ငယ် တချောင်းသည် ပေါက် ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချို သုံး ချောင်းကို အမြစ် နှင့်တကွနှုတ်လေ၏။ ထို ချို ငယ်သည် လူ မျက်စိ ကဲ့သို့ သော မျက်စိ နှင့်၎င်း ၊ ကြီး စွာသော စကားကို ပြော တတ်သော နှုတ် နှင့်၎င်း ပြည့်စုံ၏။

သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။

ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။

ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။

အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး မ ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။

တစ်ပါး အမျိုးသားတို့သည် ကယ်တင် ခြင်းသို့ ရောက်စေခြင်းငှာ ငါ တို့သည် ဟောပြော ကြသည်ကို သူတို့ သည် ဆီးတား ၍၊ မိမိ တို့အပြစ် ကို အစဉ် ပြည့်စုံ စေကြ၏။ သူ တို့အပေါ် ၌အမျက် တော်သည် အကုန်အစင် ရောက် ရ၏။

¶ ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍

သားရဲ ၏တံဆိပ် လက်မှတ်ကိုခံ ၍၊ သူ ၏ရုပ်တု ကိုကိုးကွယ် သောသူ တို့ကို လှည့်ဖြား ၍ သားရဲ ရှေ့ ၌ နိမိတ် များကို ပြ တတ်သော မိစ္ဆာ ပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင် လျက်ရှိသောထိုသူနှစ်ဦးကို ကန့် နှင့် လောင် သော မီး အိုင် ထဲသို့ ပစ်ချ ကြ၏။