TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:15

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။

အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။

ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။

ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။

ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။

¶ ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။

ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊

ယခုမှာ၊ ဤသူ တို့သည် မဟာ တန်ခိုး တော်နှင့် အားကြီး သော လက် တော်ဖြင့် ရွေးနှုတ် တော်မူသော ကိုယ်တော် ကျွန် ၊ ကိုယ်တော် လူမျိုး ဖြစ်ကြပါ၏။

သို့သော်လည်း ၊ မဟာတန်ခိုး တော်ကို ထင်ရှား စေခြင်းငှါ ၊ နာမ တော်၏အကြောင်း ကြောင့် သူ တို့ကို ကယ်တင် တော်မူ၏။

ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။

စာချုပ်ကိုလည်း စီရင် ၍ တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ၍ ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။

အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။

သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊