¶ မွန်းလွှဲ ၍ ညဦးယံယဇ် ပူဇော် ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်း ၊ ဗျာဒိတ် သံမ ရှိ။ ထူး သောသူ၊ အမှု ထားသောသူလည်း မ ရှိသောအခါ၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် တော်ကို ကြောက်ရွံ သောသူအပေါင်း တို့သည်၊ သိမ်း သွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ၊ ငါ့ ထံ မှာစည်းဝေး ၍၊ ညဦးယံ ယဇ် ပူဇော်ချိန်တိုင်အောင် ငါ သည်မိန်းမော တွေဝေလျက် နေ ၏။
မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း၊ မိမိ အစေအပါး တို့ကို မီး လျှံ ကဲ့သို့၎င်း ဖြစ် စေတော်မူထသော၊
ထိုအခါ ကောင်းကင်တမန် သရပ် တပါး သည် ယဇ် ပလ္လင်ပေါ် က မီးညှပ် ဖြင့် ယူ သော မီးခဲ တခဲကို လက်နှင့်ကိုင် လျက်၊ ငါ ရှိရာသို့ ပျံ လာ၍၊
သတ္တဝါ တို့သည်လည်း လျှပ်စစ် နွယ်ကဲ့သို့ အရောင် တောက်၍၊ ပြေး လျက် ပြန် လာလျက်ရှိကြ၏။
ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင် ၊
ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။
¶ ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊
နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။
တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း