TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။

ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။

¶ အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။

အို ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့ အသက် လွတ်၍ ကျန် ကြွင်းသေးသောသူဖြစ် ပါ၏။ ကိုယ် အပြစ် များကို ရှေ့ တော်၌ တောင်းပန်ပါ၏။ ထို အပြစ်ကြောင့် ၊ ရှေ့ တော်၌ နေရာ မရနိုင်ပါဟု တောင်းလျှောက်လေ၏။

ကဲ့ရဲ့ သောသူနှင့် အသရေ ဖျက်သောသူ ၏ စကား ကြောင့် ၎င်း၊

အိုဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် တော်မူ သောဘုရား ၊ လူ အသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ် ကို ကင်းလွတ် စေတော်မူပါ။ တရား သဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ် လျှာ သည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။

ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။

ဘမ်းမိ သောသူခိုး သည် ရှက် သကဲ့သို့ ၊ ဣသရေလ အမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် နှင့်တကွ အမျိုးသား များ တို့သည် ရှက် ကြ၏။

လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။

¶ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။

ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။

သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။

အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။

တဖန် ငါ အမိန့် တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင် ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။

ထို ကာလအခါ၊ ကောင်းကင် အောက် တွင်ရှိ လေသမျှသောလူမျိုး ထဲက ဘုရားကိုရိုသေ သော ယုဒ လူတို့ သည် ယေရုရှလင် မြို့၌ တည်း နေကြသတည်း။