TSK

TSK · ယေဇကျေလအနာဂတ္တိကျမ်း။ 39:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။

ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။

လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။

နေ့ ညဉ့်မပြတ် ကိုယ်တော် ၏လက် သည် အကျွန်ုပ် အပေါ် မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေး ရည်သည် နွေ ကာလ၌ သွေ့ခြောက် ခြင်းကဲ့သို့ ဖြစ် ပါ၏။

အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။

တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

ထိုသို့ ငါသည် ကိုယ်ကိုချီးမြောက် ၍ ရိုသေ ဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာ သောလူမျိုး တို့ ရှေ့မှာ ထင်ရှား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ထိုအမှုကို သင်တို့သည် မြင် သောအခါ၊ ထာဝရဘုရား သည် ဣသရေလ ပြည် ၏ပြင်မှာ ဘုန်းတန်ခိုးကြီး တော်မူသည်ဟု ဆို ကြလိမ့်မည်။