TSK

TSK · ကမ္ဘာဦးကျမ်း 19:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။

ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊

ထာဝရဘုရား သည် ဖြောင့်မတ် သောသူကို စုံစမ်း တော်မူ၏။ မတရား သောသူနှင့် လုယူ ဖျက်ဆီးလို သော သူကိုဝိညာဉ် တော်သည် မုန်း တော်မူ၏။

ထာဝရဘုရား ၏ အခွင့်မ ရှိဘဲ၊ ဤ ပြည် ကို ဖျက်ဆီးခြင်းငှါငါလာ သလော။ ထိုပြည် ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူပြီ။ ဤအကြောင်း အရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။

အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။

ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊

ကောင်း သောအကျိုးရှိစေခြင်းငှာ မ ကောင်းသောအကျင့်ကို ကျင့် ကြကုန်အံ့ဟု လူအချို့ တို့သည် ငါတို့ကို ကဲ့ရဲ့ လျက် ၊ ငါ တို့စကား ကိုပြန်ပြော သည်အတိုင်း ဆို ဦးမည်လော။ ထိုသို့ဆိုသောသူ တို့သည် ကိုယ် အပြစ် ဒဏ်ကို ခံထိုက် ကြ၏။

ထိုနည်းတူ ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍ ပတ်ဝန်းကျင် ၌ ရှိသောမြို့ တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရား သော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည် သောကြောင့်၊ ထာဝရ မီး နှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ ၍ ပုံ သက်သေထင်ရှား လျက်ရှိကြ၏။