ထိုသိုး ကိုသတ် ပြီးလျင် အသွေး ကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎င်း၊ သူ ၏သား တို့၏ လက်ျာ နားပျဉ်း ၌ ၎င်း။ သူ တို့၏ လက်ျာ လက်မ ၌ ၎င်း၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ၍ ၊ ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်း ရမည်။
TSK
TSK · ဟေဗြဲဩဝါဒစာ။ 9:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
အာရုန် သည်လည်း ၊ ယဇ် ပလ္လင်သို့ သွား ၍ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ် နွား သငယ်ကိုသတ် လေ၏။
ထိုအခါ သူသည်သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ် မှာရှိသော သေတ္တာအဖုံး ကို မွှန်း စေခြင်းငှါ ၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာ ပေါင်းကို မီး ပေါ် မှာ တင် ရမည်။
တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊